Web Design & Development

NetScriper မှ လှပသေသပ်၍ နိုင်ငံတကာ စံချိန်မီ Website Design များကို ဈေးနှုန်းချိုသာစွာဖြင့် အချိန်တိုအတွင်း ရေးဆွဲပေးနေပါသည်။

Web page ၁၀ မျက်နှာမှစ၍ သင်ကိုယ်တိုင် ပြင်ဆင်နိုင်သော CMS များ၊ International or Myanmar Bank API များနှင့် ချိတ်ဆက်ကာ Online တွင်ရောင်းချနိုင်သော E-commerce website များကိုလည်း ပြုလုပ်ပေးပါသည်။

It's time for Responsive

ယနေ့ခေတ်တွင် Internet ကို ကွန်ပျူတာများမှသာမက Mobile phone, Tablet device များမှ အသုံးပြုသူ များပြားလာသည်နှင့်အမျှ သင်၏ website ကို ထိုသူများ လွယ်ကူစွာ ကြည့်ရှုကာ Touch လုပ်ခြင်း၊ Swipe / Scroll လုပ်ခြင်းများ ပြုလုပ်နိုင်ရန် Responsive Web Design အား အထူးစီမံရေးဆွဲပေးပါသည်။

  • Internet ချိတ်ဆက်ထားသော မည်သည့် device နှင့်မဆို အသုံးပြုနိုင်ခြင်း
  • မည်သည့် Web Browser နှင့်မဆို compatible ဖြစ်ခြင်း
  • Mobile device များမှ သင်၏ Website/စီးပွားရေးအား လွယ်ကူစွာရှာဖွေနိုင်ခြင်း (Mobile SEO)
Package Name Web-1 Web-2
Web-3 (B) Web-4 Web-5
Number of Web Pages up to 10 up to 25 Unlimited Unlimited Unlimited
Website အမျိုးအစား Responsive Website
Mobile, Tablet, Desktop   Laptop များအားလုံးတွင် လိုက်လျောညီထွေစွာ ကြည့်ရှုနိုင်မည်
Web Design အမျိုးအစား Tailor-made Design from Sketch
Design Team မှ သင်၏လုပ်ငန်းအား အကြမ်းဖျင်းလေ့လာ၍ သင့်အတွက်သီသန့် Design ဆွဲမည်။
စိတ်ကြိုက်ဖြစ်သည်အထိ Designer က Review/ Revision ပြုလုပ်ပေးသွားပါမည်
Email Accounts ကိုယ်ပိုင်/Business E-mail account များ (eg: name@yourcompany.com) ရရှိမည်
Email Account အရေအတွက် Unlimited / သင်ကိုယ်တိုင် cPanel ထဲတွင် Email account များ အကန့်အသတ်မရှိဖွင့်နိုင်မည်
Domain Name ကိုယ်ပိုင် Domain (.com / .net / .org / .info ဖြင့်) ရရှိမည်
Web Hosting ကိုယ်ပိုင် Hosting account ရရှိမည်
Domain Control Panel Domain Control Panel (DCP) ပါရှိမည်၊ Domain အား Full Ownership ရရှိမည်
Hosting Control Panel cPanel (Unlimited Sub-domains, FTP, MySQL, Site Statistics)
Hosting Support UK နှင့် Myanmar ရှိ NetScriper ၏ Hosting Team မှ အခမဲ့ Technical Support ပေးပါသည်
Technical Support Basic Standard Premium
Website Update ပြုလုပ်ခြင်း 1 လ 1 ကြိမ် အခမဲ့ Update ပြုလုပ်ပေးမည် CMS ဖြစ်သောကြောင့် သင်ကိုယ်တိုင် အချိန်မရွေး Website Update လုပ်နိုင်သည်။
သင်ကိုယ်တိုင်မလုပ်နိုင်ပါက NetScriper မှ 1 လ 1 ကြိမ် Update ပြုလုပ်ပေးမည်။ WP Core/System နှင့် Plugin များ version အသစ်ထွက်သည်နှင့် NetScriper မှ လစဉ်အခမဲ့ Update/Install/Configure ပြုလုပ်ပေးမည်
Update ပြုလုပ်နိုင်ရန် Training - Website အား သင်ကိုယ်တိုင် Update ပြုလုပ်နိုင်ရန် အခမဲ့ Training ပေးမည်
Site Features Static Static CMS
(edit yourself)
E-commerce
(online shop with Payment Gateway / International or Myanmar Bank API - KBZ or CB Bank)
Advanced App.
(online Billing system, online HR system, Real-time Booking system, Cloud app, etc...)
Dev. Platform / Engine HTML5 / PHP HTML5 / PHP WordPress CMS
(Customised
Open-source)
Magento CMS
(Customised
Open-source)
NetScriper CMS
(Advanced,
Hand-coding in MVC)
Additional Features Search Engine Friendly, W3C Standard, Social Network Integration
Content Creation Shwe Hosting (NetScriper) ၏ Business Analyst (BA) များမှ သင့် Website တွင် Quality Content များရရှိရန် အခမဲ့ ကူညီပေးမည်
Online Directory listing Myanmar နှင့် International Web (Online) Directory များတွင်သင်၏ Website ကို အခမဲ့ ထည့်သွင်းပေးမည်

Our Quality & Standards

Shwe Hosting (NetScriper) တွင် website ပြုလုပ်ခြင်းဖြင့် ဂုဏ်ယူနိုင်သည့် အချက်များမှာ

သင်၏ website သည် -

  • Search Engine Friendly ဖြစ်သောကြောင့် သင်၏ Website/စီးပွားရေးအား Internet တွင် လွယ်ကူစွာရှာဖွေနိုင်ခြင်း
  • W3C Standard နှင့် ကိုက်ညီခြင်း
  • Mobile, Tablet နှင့် Desktop / Laptop များအားလုံးတွင် လိုက်လျောညီထွေစွာ လုပ်ဆောင်နိုင်ခြင်း
  • Fully Responsive ဖြစ်ခြင်းကြောင့် Internet ချိတ်ဆက်ထားသော မည်သည့် device နှင့်မဆို အသုံးပြုနိုင်ခြင်း
  • မည်သည့် Web Browser နှင့်မဆို compatible ဖြစ်ခြင်း
  • ပေါ့ပါး၍ လွယ်ကူစွာ ကြည့်ရှုနိုင်ခြင်း
  • NetScriper မှ သင်၏ Domain, Hosting, Website, PPC Ads အားလုံးအတွက် တာဝန်ယူပေးခြင်း စသည် တို့ဖြစ်ပါသည်။

Frequently Asked Questions

Web-1 နှင့် Web-2 package ကလွဲရင် တခြား package တွေဖြစ်တဲ့ Web-3 ကနေ Web-5 အထိက ကိုယ့်ဟာကိုယ်ပြောင်းလို့ရတဲ့စနစ် Content Management System (CMS) ဖြစ်တာကြောင့် ကိုယ့်ဟာကိုယ်ပြောင်းလို့ရပါတယ်။ အဲဒီလိုပြောင်းလဲရာမှာ Rich Text Editor ပါဝင်သည့်အတွက် Microsoft word ထဲတွင် စာရိုက်သကဲ့သို့ လွယ်ကူစွာ Bold, Italic, Underline ပြုလုပ်ခြင်းများ၊ Text Alignment ပြောင်းလဲခြင်းများကို Click နှိပ်၍ လွယ်ကူစွာပြုလုပ်နိုင်ပါတယ်။
ရပါတယ်။ Responsive Website Design ဖြစ်တဲ့အတွက် Mobile, Tablet Device များမှ ကြည့်ရှုပါက (သာမာန် Website မျာကဲ့သို့ ချူံ.ချဲ. လုပ်စရာမလိုဘဲ) Mobile Application များအသုံးပြုသကဲ့သို့ လက်ဖြင့် Touch လုပ်ခြင်း၊ Scroll လုပ်ခြင်းများပြုလုပ်နိုင်ရန် အလိုအလျောက်လိုက်လျောညီထွေစွာ ပြောင်းလဲသွားမှာပါ။

ထိုသို့ကြည့်ရှုနိုင်ရန် Phone ထဲသို့ Application ထည့်သွင်းစရာမလိုပါဘူး။ Smart Phone တိုင်းမှာ ပါဝင်တဲ့ Web Browser မှ လွယ်ကူစွာ ကြည့်ရှုနိုင်ပါတယ်။ ထို့ကြောင့် သင့်ရဲ့ Website ကို ကမ္ဘာပေါ်မှာရှိတဲ့ Mobile Phone အသုံးပြုသူ၊ Tablet များမှ Internet ကြည့်ရှုသူ၊ Desktop/ Laptop များမှ Internet အသုံးပြုသူများ အားလုံး လွယ်ကူအဆင်ပြေစွာ ကြည့်ရှုနိုင်ပါတယ်။

ဤသို့ လိုက်လျောညီထွေစွာ အလိုအလျောက်ပြောင်းလဲရာတွင် Font Size / Text များသည် Mobile တွင် ကြည့်ရှုနိုင်သော အရွယ်အစားသို့ ပြောင်းလဲသွားခြင်း၊ Photo / Image များသည် မည်သည့် Mobile Phone Size နှင့် မဆို ကြည့်ရှုနိုင်သည့် Size များဖြစ်သွားခြင်း၊ Form များကို Phone ဧ။် Keypad မှ လွယ်ကူစွာ ဖြည့်နိုင်ခြင်း၊ Button/ Menu များသည် လက်ဖြင့် Touch ပြုလုပ်ရန် လွယ်ကူသည့် အနေအထားသို့ ပြောင်းလဲသွားနိုင်သည့် နောက်ဆုံးပေါ် Responsive နည်းပညာဖြင့် ဖန်တီးတည်ဆောက် ထားခြင်းဖြစ်ပါတယ်။
ရပါတယ်။ အဲဒီ ရှိပြီးသား Domain ကို NetScriper မှ အခမဲ့ပေးမြည့် Hosting Sever သို့ Point လုပ်ကာ သင့်ရဲ့ Website အသစ်တက်လာအောင် ပြုလုပ်ပေးမှာပါ။ (သို့) NetScriper မှ Website အား သင့် ရှိပြီးသား Hosting သို့ တင်ပေးလို့လည်းရပါတယ်။
လုပ်ပေးလို့ရပါတယ်။ ဒီနေရာမှာ (၂) မျိုးရှိပါတယ်။
  1. ရှိပြီးသား Site ကလုပ်တာ မကြာသေးဘူး။ (Technology က up-to-date ဖြစ်တယ်)၊ Design တွေလည်းကောင်းတယ်၊ ကြိုက်လည်း ကြိုက်တယ် ဆိုရင် NetScriper မှ နာရီပိုင်းသာယူပြီး ပြုပြင်ပေးလို့ရပါတယ်။
  2. တကယ်လို့ ရှိပြီးသား Site က Technology လည်း ဟောင်းနေပြီ။ Design တွေလည်း out နေပြီ၊ တော်တော်များပြင်ချင်တယ်ဆိုရင်တော့ NetScriper မှာ Site အသစ်လုပ်တာ ပိုသင့်တော်မှာပါ။ ရှိပြီးသား Website လိပ်စာ (Domain Name) ကို Flyer တွေ Name Card တွေမှာ ရိုက်ပြီးသား ဖြစ်နေတာမို့ NetScriper မှ အဲဒီ Domain ကို အရင် company ဆီကရအောင် လွှဲပြောင်းယူပေးမှာပါ။ Local (မြန်မာပြည်တွင်း) company ဖြစ်ဖြစ်၊ International (ပြည်ပ) company ဖြစ်ဖြစ် NetScriper မှ ပိုင်ရှင် သဘောတူညီချက်ဖြင့် အပြည့်အ၀ရယူပေးနိုင်ပါတယ်။
Design Team နှင့် Development Team များအား တွေ့ဆုံရန် NetScriper ရုံးခန်း သို့အချိန်မရွေး လာရောက်နိုင်ပါတယ်။ တချို.ကိစ္စများကို သင်ရှိနေစဉ်မှာ တထိုင်တည်း လုပ်ပေးနိုင်ပါတယ်။ Data များပေးပို့ခြင်း၊ Design ပြင်ခြင်း၊ Beta Site ပြခြင်းများကိုတော့ Email, Phone များမှ တစ်ဆင့် လုပ်ဆောင်လို့ရပါတယ်။ Design Team (သို့) Development Team မှ သင့်ရုံးခန်းသို့ အကြိမ်မည်မျှ လာရောက်နိုင်သည်ကို ပူးတွဲပါ Standard Web Design Package စာမျက်နှာတွင်ကြည့်နိုင်ပါတယ်။ Online Conference / Online Meeting ကို (AnyMeeting, Join.Me စသည်ဖြင့်) အချိန်မရွေး စီစဉ်ပေးလို့ရပါတယ်။ Marketing Team မှ Pre-Sale လာရောက်ရှင်းပြခြင်း၊ Support Team မှ ငွေလာရောက်ကောက်ခံခြင်းများ ပြုလုပ်ပေးမှာပါ။
လာအပ်တဲ့နေ့မှာ 50% သွင်းပြီးတာနဲ့ လိုချင်တဲ့ Domain Name ကို availability checking လုပ်ပြီး ချက်ချင်း Register လုပ်ပေးပါမယ်။ Hosting နဲ့ တစ်ခါတည်း ချိတ်ဆက်ပေးမှာ ဖြစ်တဲ့အတွက် email များလည်း စတင်အသုံးပြုလို့ရမှာ ဖြစ်ပါတယ်။ ပါလာတဲ့ Data တွေနဲ့ Design Team က Layout စဆွဲဖို့ Design နဲ့ပါတ်သက်တဲ့ မေးခွန်းတွေ မေးမှာပါ။ Working Day (၄) ရက်၊ (၅) ရက် ခန့်မှာ Layout Design ကြည့်ရမယ့် Link ကို email နဲ့ ပို့ပေးပါမယ်။ Design ကို ကြည့်ရှုပြီး Colour Theme, Content Position, Product/Item/Service Highlight စသည်တို့အားလုံးကို စိတ်ကြိုက်ဖြစ်သည်အထိ Designer က Review / Revision ပြုလုပ်ပေးသွားမှာပါ။ Final Design ရပြီဆိုပါက Developer များက Coding စရေးမှာပါ။

Frame ချသည့်အဆင့် ပြီးစီးပါက Content များ၊ Page များ စတင်ထည့်သွင်းမှာ ဖြစ်တဲ့အတွက် ဒီအချိန်မှာတော့ Data တွေရသလောက် အားလုံးပေးသွားဖို့လိုပါတယ်။ ပြီးသလောက် Beta Version / Preview Site မှာ Client မှ အချိန်မရွေး ၀င်ရောက် ကြည့်ရှုနိုင်ပါတယ်။ လိုအပ်သည်များကိုလည်း မှာကြားနိုင်ပါတယ်။ ( Data များလိုအပ်သေးရင် ဒီ Step မှာပဲ စောင့်ဆိုင်းပေးမှာပါ )

Page များအားလုံး / Website တစ်ခုလုံး ပြီးစီးပြီ ဆိုပါက Project Sign-Off ပြုလုပ်ပါမယ်။ ဒီအချိန်မှာ ကျန်ငွေ 50% ကို Client မှ ပေးသွင်းရမှာဖြစ်ပြီး NetScriper မှ Website Live ပြုလုပ်ပေးပါမယ်။

လစဉ်အခမဲ့ Maintenance ပြုလုပ်ပေးမှာ ဖြစ်တဲ့အတွက် Data အသစ်များ၊ Content အသစ်များ၊ Website Update ပြုလုပ်ခြင်းများကို လိုအပ်သလို 1 လ 1 ကြိမ် အခမဲ့ပြုလုပ်ပေးသွားမှာပါ။