Shwe Hosting မှ POP3 service ပေးသောကြောင့် သင်၏ E-mail ကို POP enable ဖြစ်သော မည်သည့် device - Smart Phone (iPhone, Blackberry), Tablet, PC တွင် Outlook, Window Mail, Mac တွင် Mac Mail တို့အပြင် POP Add-on ရသော G-mail, Yahoo, Hotmail တို့နှင့်ချိတ်ဆက်အသုံးပြုနိုင်ပါတယ်။ ဒါ့အပြင် Shwe Hosting မှ Webmail များဖြစ်သော Horde, Roundcube နှင့် SquirrelMail တို့တွင်လဲ သင်၏ E-mail ကို အသုံးပြု (Send/Receive) လို့ရပါတယ်။
ထို Device များ Application များတွင် သင်၏ E-mail ကို မည်သို့ထည့်သွင်းရမည်ကို ထို device များ Application များ၏ Help Section တွင်ကြည့်ရှုနိုင်ပါတယ်။ OS များ Software Versions များပေါ်မူတည်၍ Step by Step Guide များ ကွဲပြားမည်ဖြစ်သောကြောင့် Shwe Hosting မှ Detail Guideline မပေးနိုင်ပါ။
ထို Device များ App များတွင် E-mail Account ထည့်သွင်းရာတွင် အထူးသတိပြုရမည့်အချက်များမှာ -
* သင့် E-mail ၏ User Name/Login Name သည် သင်၏ E-mail သာဖြစ်သည်။ e.g. -
[email protected]
* သင့် E-mail ၏ Password သည် သင် E-mail Account တည်ဆောက်စဉ်က ထည့်သွင်းခဲ့သည် Password ဖြစ်သည်။ (cPanel Password မဟုတ်ပါ)
* သင်၏ POP Send and Receive (Incoming and Outgoing) Server သည် mail.yourdomain.com ဖြစ်သည်။ ဥပမာ - သင်၏ဒိုမိန်းသည် moemoe.com ဖြစ်ပါက သင်၏ POP Server သည် mail.moemoe.com ဖြစ်သည်။ shwekodaw.net ဖြစ်ပါက mail.shwekodaw.net ဖြစ်သည်။
* Mail Outgoing Server သည် Authenticate လုပ်ရန်လိုပါသည်။ User Name and Password မှာ အတူတူဖြစ်ပါသည်။ ထို့ကြောင့် "My outgoing server (SMTP) requires authenticate" ကဲ့သို့ Setting များကို Click လုပ်ရပါမည်။ တစ်ချို့ Device/App များတွင် ထို Setting ကို Default True ပေးထားသည်။ တစ်ချို့ Device/App များတွင် Outgoing Server Details ပြန်ထည့်ရပါသည်။
ထို Outgoing Server ကို authenticate မလုပ်နိုင်ပါက E-mail ပို့လျှင် Error တက်ပါမည်။
လူသုံးအများဆုံးဖြစ်သော Outlook, WinMail နှင့် iPhone တွင် E-mail Account ထည့်သွင်းခြင်းကို Video tutorial များတွင်ကြည့်ရှုလေ့လာနိုင်ပါသည်။