Frequently Asked Questions

shwehosting.com မှာ Credit/Debit Card နဲ့ Online ဝယ်ထားတယ်ဆိုရင် Transaction Successful ဖြစ်တာနဲ့ ၄ နာရီအတွင်းမှာ Hosting Account Setup E-mail ရပါမယ်။ Shwe Hosting ရဲ့ Myanmar Office မှာ ဝယ်တယ်ဆိုရင် ကျသင့်ငွေပေးသွင်းပြီးတာနဲ့ ၁၅ မီနစ် အတွင်းမှာ Setup E-mail ရပါမယ်။
ရပါတယ်။ Shwe မှ Hosting Transfer Team မှအစအဆုံးကူညီပေးမှာပါ။
Hosting Transfer က Shwe အတွက် Easy Cake ပါ။ အလွယ်ဆုံးနည်းနဲ့ပြောရမယ်ဆိုရင်တော့ သင်၏ Hosting အဟောင်း account ထဲမှ file များအားလုံး၊ Database များကို Download/Backup လုပ်ပြီး Shwe ရဲ့ သင့် Hosting မှာပြန် Upload လုပ်တာပါ။ Download/Backup လုပ်ရာတွင် သင်၏ Hosting အဟောင်းက cPanel သုံးပါက cPanel Account Transfer တိုက်ရိုက်လုပ်လို့ရပါတယ်။ သင်၏ Hosting အဟောင်းက SSH Access ရှိပါက (သို့) Files များကို Zip လုပ်နိုင်ပါက Zip လုပ်ပြီး Shwe တွင် Unzip လုပ်နိုင်ပါတယ်။ အဲ့ဒီနေရာမှာသင့်၏ Website က CMS များဖြစ်သော Joomla, Drupal, SMF, etc.. များသုံးထားပါက Configuration File ကို New Hosting Environment အတိုင်း Update လုပ်ပေးရမှာပါ။
Domain Transfer လုပ်ရာမှာ နှစ်မျိုးရှိပါတယ်။ လူတော်တော်များများ မျက်စိလည်ကြတဲ့အချက်ပါ။ Domain Transfer ဆိုတဲ့ term က Domain ကို Domain Register တစ်ခုမှတစ်ခုသို့ပြောင်းတာပါ။ အဲ့ဒီလိုပြောင်းတဲ့အခါမှာ လက်ရှိ Register မှာ Authorization Code လိုပါတယ်။ Domain Secret Code/Key လို့လဲခေါ်ပါတယ်။ အဲ့ဒီ Code ရပြီဆိုရင်တော့ Shwe ရဲ့ Register ကို Transfer လုပ်လို့ရပါပြီ။ နောက်တစ်နည်းက FAQ No.5 မှာရှင်းပြထားသလို Domain ကို တခြား Company မှာထားခဲ့ပြီး Hosting ကိုပဲ Shwe ကို Transfer လုပ်တာပါ။ ဒါကိုတော့ Domain Transfer လို့မခေါ်တော့ဘူးပေါ့။ Domain Pointing ပဲလုပ်တာပါ။ Shwe Hosting/NetScriper မှ Domain/Hosting ပေါင်းများစွာကို အပတ်စဉ် Transfer လုပ်နေသောကြောင့် သင်၏ Domain/Hosting ကိုလည်း Shwe မှ လွယ်ကူစွာလုပ်ပေးနိုင်မှာပါ။
  • Customer Address သည် Card ၏ Billing Address ဖြစ်ရန်လိုအပ်သည်။ Card ၏ Billing Address ဆိုသည်မှာ Card holder (Card ပိုင်ဆိုင်သူ) ၏ နေရပ်လိပ်စာ အပြည့်အစုံဖြစ်သည်။ ကိုယ်ပိုင် Card အသုံးမပြုနိုင်၍ သူများ Card အား အသုံးပြုခွင့်ရ၍ အသုံးပြုခြင်း (သို့) Company Card များသုံးပါက First name နှင့် Last name သည် Card Holder ၏ First name နှင့် Last name ဖြစ်သည်။
  • Post Code/Zip Code ရှိသောနိုင်ငံများဖြစ်ပါက ဖြည့်စွက်ပါ။ မရှိပါက '-' အတိုင်းသာထားပါ။
  • First name, Last name များ၊ လိပ်စာများ မှားယွင်း ဖြည့်စွက်ပါက Credit/Debit Card details များ မှန်ကန်သော်လည်း Transaction Failure ဖြစ်ပါမည်။

Domain နှင့်ပက်သက်သော FAQ များ

TLD Domain များဖြစ်တဲ့ (.com / .net / .org / .biz / .info / .name အစရှိသော Domain Name များတွင်) Domain Control Panel (DCP) ပါဝင်မှာပါ အဲ့ဒါကြောင့် DNS management ပြုလုပ်ခြင်း၊ Domain/Email forwarding ပြုလုပ်ခြင်း၊ Registrant information ပြောင်းလဲခြင်းများကို သင်ကိုယ်တိုင် ပြုလုပ်နိင်ပါတယ်။

.mm Domain (Myanmar ccTLD) များတွင် Domain Control Panel (DCP) မပါဝင်ပါ။ DNS management ပြုလုပ်ခြင်းများကို Shwe Hosting Support Team မှ ပြုလုပ်ပေးပါမည်။ သင် Point လို သော Server IP, Zone Record များကို Support Team သို့ Email / Phone ဖြင့်ပြောနိုင်ပါတယ်။
ရပါတယ်။ Shwe မှ hosting ဝယ်ပြီးလျှင် သင့် Domain ၏ NameServer ကို Shwe Hosting ၏ NameServer သို့ Point လုပ်ရန်လိုအပ်ပါတယ်။ သို့မဟုတ် DNS Zone File တွင် A record ကို Shwe ၏ သင့် Hosting ရှိသော Server သို့ Point လုပ်ပေးရပါမယ်။
* ထို Process များနှင့် ရင်းနှီးမှုမရှိပါက Shwe မှ အစအဆုံးပြုလုပ်ပေးပါမည်။
ရပါတယ်။ Shwe မှ သင်၏ Domain ကို သင့် hosting ၏ Nameserver သို့ point လုပ်ပေးရပါမည်။
Domain ကို Shwe မှာဝယ်ပြီး သင်တွင် Hosting မရှိလျှင် သင်၏ Domain အား Parked-Domain အနေဖြင့်သာ မြင်ရမည်ဖြစ်သည်။ Ning / Blogspot / Google Apps စသည်ဖြင့် ချိတ်ဆက်အသုံးပြုရန် Domain ဝယ်ယူသည်ဆိုပါက Domain Control Panel တွင် DNS Zone record (A, CNAME, etc...) အားထည့်သွင်းရန်လိုအပ်ပါသည်။

Web Hosting နှင့်ပက်သက်သော FAQ များ

cPanel ဆိုတာ Linux/Unix မှာ အခြေခံထားတဲ့ Web Hosting Control Panel တစ်ခုပါ။ cPanel Inc, US က ရောင်းချတာဖြစ်ပြီး ကမ္ဘာပေါ်မှာ လူသုံးအများဆုံး၊ ယုံကြည်စိတ်ချရဆုံး Control Panel လို့လဲပြောလို့ရပါတယ်။ Shwe Hosting က License ဝယ်ထားတာဖြစ်တဲ့အတွက် Shwe Hosting ရဲ့ Customer တွေအားလုံး cPanel ကိုသုံးလို့ရတာဖြစ်ပါတယ်။
E-mail Account ကို Create/Manage လုပ်တာ၊ MySQL Database ကို Create/Manage လုပ်တာ၊ Subdomain, Parked Domain တွကို Create/Manage လုပ်တာ၊ DNS Zone Management လုပ်တာ၊ Website ထဲကို File တွေ Upload လုပ်ဖို့ FTP Account Create လုပ်တာတွေအားလုံး လုပ်လို့ရပါတယ်။ ဒီ Link မှာ စမ်းသပ်အသုံးပြုကြည့်လို့ရပါတယ်။
Shwehosting.com မှာ Credit/Debit Card, PayPal နဲ့ Online ဝယ်ထားတယ်ဆိုရင် Transaction Successful ဖြစ်တာနဲ့ ၄ နာရီအတွင်းမှာ Hosting Account Setup E-mail ရပါမယ်။ Shwe Hosting (NetScriper) ရဲ့ မြန်မာပြည်ရုံးမှာ ဝယ်တယ်ဆိုရင် ကျသင့်ငွေပေးသွင်းပြီးတာနဲ့ ၁ နာရီအတွင်းမှာ Setup E-mail ရပါမယ်။
ရပါတယ်။ Shwe မှ hosting ဝယ်ပြီးလျှင် သင့် Domain ၏ NameServer ကို Shwe Hosting ၏ NameServer သို့ Point လုပ်ရန်လိုအပ်ပါတယ်။ သို့မဟုတ် DNS Zone File တွင် A record ကို Shwe ၏ သင့် Hosting ရှိသော Server သို့ Point လုပ်ပေးရပါမယ်။
* ထို Process များနှင့် ရင်းနှီးမှုမရှိပါက Shwe မှ အစအဆုံးပြုလုပ်ပေးပါမည်။
ရပါတယ်။ Shwe မှ သင်၏ Domain ကို သင့် hosting ၏ Nameserver သို့ point လုပ်ပေးရပါမည်။
ရပါတယ်။ Shwe မှ Hosting Transfer Team မှအစအဆုံးကူညီပေးမှာပါ။
Hosting Transfer က Shwe အတွက် Easy Cake ပါ။ အလွယ်ဆုံးနည်းနဲ့ပြောရမယ်ဆိုရင်တော့ သင်၏ Hosting အဟောင်း account ထဲမှ file များအားလုံး၊ Database များကို Download/Backup လုပ်ပြီး Shwe ရဲ့ သင့် Hosting မှာပြန် Upload လုပ်တာပါ။ Download/Backup လုပ်ရာတွင် သင်၏ Hosting အဟောင်းက cPanel သုံးပါက cPanel Account Transfer တိုက်ရိုက်လုပ်လို့ရပါတယ်။ သင်၏ Hosting အဟောင်းက SSH Access ရှိပါက (သို့) Files များကို Zip လုပ်နိုင်ပါက Zip လုပ်ပြီး Shwe တွင် Unzip လုပ်နိုင်ပါတယ်။ အဲ့ဒီနေရာမှာသင့်၏ Website က CMS များဖြစ်သော Joomla, Drupal, SMF, etc.. များသုံးထားပါက Configuration File ကို New Hosting Environment အတိုင်း Update လုပ်ပေးရမှာပါ။
Domain Transfer လုပ်ရာမှာ နှစ်မျိုးရှိပါတယ်။ လူတော်တော်များများ မျက်စိလည်ကြတဲ့အချက်ပါ။ Domain Transfer ဆိုတဲ့ term က Domain ကို Domain Register တစ်ခုမှတစ်ခုသို့ပြောင်းတာပါ။ အဲ့ဒီလိုပြောင်းတဲ့အခါမှာ လက်ရှိ Register မှာ Authorization Code လိုပါတယ်။ Domain Secret Code/Key လို့လဲခေါ်ပါတယ်။ အဲ့ဒီ Code ရပြီဆိုရင်တော့ Shwe ရဲ့ Register ကို Transfer လုပ်လို့ရပါပြီ။ နောက်တစ်နည်းက FAQ No.5 မှာရှင်းပြထားသလို Domain ကို တခြား Company မှာထားခဲ့ပြီး Hosting ကိုပဲ Shwe ကို Transfer လုပ်တာပါ။ ဒါကိုတော့ Domain Transfer လို့မခေါ်တော့ဘူးပေါ့။ Domain Pointing ပဲလုပ်တာပါ။ Shwe Hosting/NetScriper မှ Domain/Hosting ပေါင်းများစွာကို အပတ်စဉ် Transfer လုပ်နေသောကြောင့် သင်၏ Domain/Hosting ကိုလည်း Shwe မှ လွယ်ကူစွာလုပ်ပေးနိုင်မှာပါ။
Add-on Domain ဆိုတာ hosting account တစ်ခုထဲကို နောက်ထပ် domain တစ်ခုထပ်ထည့်တာပါ။ ထပ်ထည့်တဲ့ domain ကို hosting ထဲက folder တစ်ခုကို point လုပ်ပြီး နောက်ထပ် (အသွင်မတူတဲ့) သီးခြား website တစ်ခုတည်ဆောက်လို့ရပါတယ်။
hosting account ထဲကို နောက်ထပ် domain တစ်ခု ထပ်ထည့်တာပါပဲ။ ဒီနေရာမှာ Add-on domain နဲ့မတူတဲ့အချက်က Parked domain အနေနဲ့ ထပ်ထည့်တဲ့ domain ကိုသီးခြား website လုပ်လို့မရပါဘူး။ Parked domain က hosting account ရဲ့ main domain မှာ parking လုပ်တဲ့အတွက် Parked domain ကိုခေါ်ရင် Main domain ပဲပေါ်နေမှာပါ။ Website တစ်ခုကို domain တွေအများကြီးနဲ့သုံးချင်ရင် Parked domain လုပ်သင့်ပါတယ်။
ဥပမာ - shwekodaw.com ကို Main domain အနေနဲ့ website လုပ်ထားပြီး kodaw.com နဲ့ shwekodaw.net ကို Parked domain လုပ်ထားပါက kodaw.com နဲ့ shwekodaw.net ကိုခေါ်ရင် shwekodaw.com website ပဲပေါ်လာမှာပါ။
ဒါ 1990 ခုနှစ်က မေးခွန်းတွေပါ။ Shwe Hosting က Industry Standard ဖြစ်တဲ့ LAMP (Linux, Apache, MySQL & PHP) ကို အပြည့်အ၀ Support လုပ်ပါတယ်။ ထိုကြောင့် Linux, PHP Platform ပေါ်တွင်အလုပ်လုပ်သော CMS များဖြစ်ကြသည့် Joomla, Drupal, WordPress, PHP-Nuke အစရှိသော မည်သည့် CMS မဆို Install လုပ်ပြီးအသုံးပြုနိုင်ပါသည်။
ထို့အပြင် Shwe Hosting ၏ cPanel တွင် Softaculous Script Library ပါရှိသည့်အတွက် Softaculous တွင်ပါဝင်သည့် Application ပေါင်း 50 ကျော်ကို Click ၁ ချက်နှိပ်ရုံဖြင့် Auto Install ပြုလုပ်အသုံးပြုနိုင်ပါသည်။
ဒါက တကယ်ကိုလုပ်သင့်တဲ့အချက်ပါ။ cPanel > File > Backups တွင် backup ကို generate လုပ်ပြီး download လုပ်ယူလို့ရပါတယ်။
ဒီနေရာမှာ Full Backup နဲ့ Home Directory Backup ဆိုပြီး 2 မျိုးရှိပါတယ်။ Full Backup ဆိုတာ Home Directory အပါအဝင် သင်၏ File များအားလုံးနှင့် MySQL Database များ E-mail Account များ Add/on, Sub-Domain များအားလုံးကို Backup ပြုလုပ်ခြင်းဖြစ်သည်။ Home Directory Backup ဆိုတာ Home Directory ဖြစ်သော public-html (သို့) www directory အောက်မှ file များအားလုံးကိုသာ backup ပြုလုပ်ခြင်းဖြစ်သည်။
ထို zip file backup ကို သင်၏ computer သို့ right click နှိပ် download လုပ်ကာသိမ်းဆည်းထားနိုင်ပါသည်။ Full Backup ကို generate လုပ်ရာတွင် home directory တွင် generate လုပ်ပါက download လုပ်ပြီးလျှင် ပြန်လည် delete လုပ်ရန်လိုအပ်ပါသည်။ သို့မဟုတ်လျှင် ထို file ကြောင့် သင်၏ hosting space ပုတ်ပါသည်။
cPanel ထဲက backup ဖြင့် Full Backup (သို့) Home Directory ကို သင်ကိုယ်တိုင် backup လုပ်ထားပါက Home Directory ကို ထို backup page တွင် ပြန် restore လုပ်လို့ရပါတယ်။ Shwe မှ Daily or Weekly Auto Backup ကို လိုချင်ရင် Support Department ကို ဆက်သွယ်ပါ။ Full Backup (သို့) Home Directory Backup မည်သည်ကို Restore လုပ်မည်ကို ပြေကြားရန်လိုပါသည်။ ဤသို့ Restore လုပ်ရာတွင် Shwe မှ File တစ်ခုချင်းစီကိုရှာဖွေပြီး Restore ပြန်မလုပ်ပေးနိုင်ပါ။ Full Backup ကို Restore လုပ်ရာတွင် Account တစ်ခုလုံး (သို့) Home Directory ကို Restore လုပ်ရာတွင် Home Directory အောက်ရှိ File များအားလုံး Backup လုပ်ထားသည့်နေ့အထိ RollBack ပြန်ဖြစ်သွားမည်ဖြစ်သည်။ ထို့ကြောင့်နောက်ဆုံး Backup လုပ်ပြီးချိန်နှင့် လက်ရှိအချိန်ကြားတွင်ရှိသော ပြုပြင်ပြောင်းလဲမှုများလုံးဝပြန်ရတော့မည်မဟုတ်ပါ။ ဒါကတော့မည်သည့် System ကိုမဆို Restore ပြန်လုပ်သည့်သဘာဝဖြစ်သည်။ ထို့ကြောင့် Shwe သို့ Upload အလုပ်မီသင်၏ Localhost မှ File များကို အချိန်ပိုင်းအလိုက် (ဥပမာ လစဉ်၊ အပတ်စဉ်) သင့် Computer ထဲတွင် သိမ်းဆည်းထားသင့်သည်။ သို့မှသာ သင်လိုချင်သလိုရှာဖွေနိုင်မည်ဖြစ်သည်။
သို့မဟုတ် သင်သည် hosting ပေါ်တွင်တိုက်ရိုက် development လုပ်ပါက FAQ no. 15 တွင်ဖော်ပြထားသလို backup များကို သင့် computer သို့ သိမ်းဆည်းထားသင့်သည်။ Shwe Hosting မှ Full Backup ကို restore ပြုလုပ်ရာတွင် US$10 အား administration fees အဖြစ်ထောက်ခံပါသည်။
Account activate ဖြစ်ပြီဆိုရင် Setup E-mail ရပါမယ်။ ထို Setup E-mail ထဲတွင် User Name, Password နဲ့ တခြား Information တွေပါပါတယ်။ Login Detail ရပြီဆိုရင်တော့
Option - 1 Login Page မှာ cPanel ကို Login ဝင်လို့ရမှာဖြစ်ပါတယ်။
Option - 2 သင်၏ Internet Service Provider (ISP) က port 2082 ဖွင့်ပေးထားပါက http://serverIP:2082 ဥပမာ၊ သင့် hosting server IP က 174.123.123.123 ဖြစ်ပါက http://174.123.123.123:2082 ဖြင့် login ဝင်နိုင်ပါသည်။
Hosting Account လုံခြုံရေးအရ cPanel Password ကို Online မှာ Reset ပေးမလုပ်ပါဘူး။ support {@} shwehosting.com ကို သင့်ရဲ့ Customer ID၊ နေရပ်လိပ်စာနှင့်တကွ Password Reset လုပ်ရန် E-mail ပို့ပါ။ Shwe Hosting မှာ Customer Verification လုပ်ပြီးရင် Hosting ဝယ်ထားသော Orginal E-mail ထဲသို့ New Password ပို့ပေးပါမယ်။
* Hosting ဝယ်ထားသော Orginal E-mail ဆိုသည်မှာ Hosting ဝယ်ယူစဉ်က Account Setup E-mail ပို့ထားသည့် Main Contact E-mail ဖြစ်သည်။
** Customer များ၏ Account လုံခြုံရေးအတွက် Shwe Hosting မှာ New Password ကို တခြား E-mail (သို့) Phone ပေါ်မှ မပေးပါ။
Shwe မှာ Hosting ဝယ်ရင် ကိုယ်ပိုင် E-mail Account ဥပမာ - [email protected] များ Create လုပ်လို့ရပါတယ်။ Hosting Package ပေါ်မူတည်ပြီး E-mail Account ဘယ်နှစ်ခု Create လုပ်လို့ရသလဲဆိုတာ ရှိပါတယ်။ ဥပမာ - S-Starter Package မှာဆိုရင် E-mail Account 100 Create လုပ်လို့ရပါတယ်။
PS: E-mail Account 100 ပါ။ E-mail အစောင် 100 ပဲပို့လို့ရတာမဟုတ်ပါဘူး။ E-mail အစောင်အကန့်အသတ်မရှိပို့ပြီး Receive လုပ်လို့ရပါတယ်။
E-mail Account Create လုပ်မယ်ဆိုရင် cPanel ထဲကို Login ဝင်ပါ။
- ပြီးရင် E-mail ဆိုတဲ့ခေါင်းစဉ်အောက်မှာ "E-mail Account" ဆိုတာကိုနှိပ်ပါ။
- သင်လိုချင်သော Account ကို Create လုပ်ပါ။
- ဤအဆင့်တွင်ထည့်ရသော Password မှာ ထို E-mail Account ကို Login ဝင်ရန်ဖြစ်ပါတယ်။ သေချာစွာမှတ်သားထားပါ။
- Mailbox Quota ဆိုသည်မှာ ထို E-mail Account ကို Disk Space ကန့်သတ်ခြင်းဖြစ်ပါတယ်။
- အားလုံးပြီးရင် Create Account ကိုနှိပ်ပါ။
Successful ဖြစ်သည်ဆိုသည်နှင့်တစ်ကွ ထို E-mail Account အား စတင်အသုံးပြုလို့ရပြီဖြစ်ပါတယ်။
Shwe Hosting မှ POP3 service ပေးသောကြောင့် သင်၏ E-mail ကို POP enable ဖြစ်သော မည်သည့် device - Smart Phone (iPhone, Blackberry), Tablet, PC တွင် Outlook, Window Mail, Mac တွင် Mac Mail တို့အပြင် POP Add-on ရသော G-mail, Yahoo, Hotmail တို့နှင့်ချိတ်ဆက်အသုံးပြုနိုင်ပါတယ်။ ဒါ့အပြင် Shwe Hosting မှ Webmail များဖြစ်သော Horde, Roundcube နှင့် SquirrelMail တို့တွင်လဲ သင်၏ E-mail ကို အသုံးပြု (Send/Receive) လို့ရပါတယ်။
ထို Device များ Application များတွင် သင်၏ E-mail ကို မည်သို့ထည့်သွင်းရမည်ကို ထို device များ Application များ၏ Help Section တွင်ကြည့်ရှုနိုင်ပါတယ်။ OS များ Software Versions များပေါ်မူတည်၍ Step by Step Guide များ ကွဲပြားမည်ဖြစ်သောကြောင့် Shwe Hosting မှ Detail Guideline မပေးနိုင်ပါ။
ထို Device များ App များတွင် E-mail Account ထည့်သွင်းရာတွင် အထူးသတိပြုရမည့်အချက်များမှာ -
* သင့် E-mail ၏ User Name/Login Name သည် သင်၏ E-mail သာဖြစ်သည်။ e.g. - [email protected]
* သင့် E-mail ၏ Password သည် သင် E-mail Account တည်ဆောက်စဉ်က ထည့်သွင်းခဲ့သည် Password ဖြစ်သည်။ (cPanel Password မဟုတ်ပါ)
* သင်၏ POP Send and Receive (Incoming and Outgoing) Server သည် mail.yourdomain.com ဖြစ်သည်။ ဥပမာ - သင်၏ဒိုမိန်းသည် moemoe.com ဖြစ်ပါက သင်၏ POP Server သည် mail.moemoe.com ဖြစ်သည်။ shwekodaw.net ဖြစ်ပါက mail.shwekodaw.net ဖြစ်သည်။
* Mail Outgoing Server သည် Authenticate လုပ်ရန်လိုပါသည်။ User Name and Password မှာ အတူတူဖြစ်ပါသည်။ ထို့ကြောင့် "My outgoing server (SMTP) requires authenticate" ကဲ့သို့ Setting များကို Click လုပ်ရပါမည်။ တစ်ချို့ Device/App များတွင် ထို Setting ကို Default True ပေးထားသည်။ တစ်ချို့ Device/App များတွင် Outgoing Server Details ပြန်ထည့်ရပါသည်။
ထို Outgoing Server ကို authenticate မလုပ်နိုင်ပါက E-mail ပို့လျှင် Error တက်ပါမည်။
လူသုံးအများဆုံးဖြစ်သော Outlook, WinMail နှင့် iPhone တွင် E-mail Account ထည့်သွင်းခြင်းကို Video tutorial များတွင်ကြည့်ရှုလေ့လာနိုင်ပါသည်။
အလွယ်ကူဆုံးနဲ့အဆင်ပြေဆုံးကတော့ နိုင်ငံတကာမှာသုံးနေတဲ့ FTP ပါ။
သင့်ရဲ့ ISP/Internet Provider က FTP Port ကို Block မလုပ်ထားဘူးဆိုရင် FTP Software တစ်ခုကို Download လုပ်ပြီး သင်၏ Hosting ကို ချိတ်ဆက်အသုံးပြုနိုင်ပါတယ်။
FTP Host က ပုံမှန်အားဖြင့် ftp.yourdomain.com ပါ။ ဥပမာ - သင်၏ Domain က shwekodaw.com ဆိုလျှင် FTP Host က ftp.shwekodaw.com ပါ။ FTP Host တွင် သင့် Hosting Server IP ကိုလဲ ထည့်သွင်းနိုင်ပါတယ်။ သင်၏ Server IP ကို Account Setup E-mail ထဲတွင် ကြည့်နိုင်ပါတယ်။
* Domain Propagation ကာလတွင် Sever IP ဖြင့်သာ အသုံးပြုနိုင်ပါတယ်။
Main FTP ရဲ့ User Name and Password က သင်၏ cPanel User Name and Password ပဲဖြစ်ပါတယ်။ FTP Account အသစ်များကို cPanel ထဲရှိ FTP Section တွင် ထပ်မံ Create လုပ်လို့ရပါတယ်။
သင်၏ ISP/Internet Service Provider က FTP ကို Block လုပ်ထားလျှင် cPanel ထဲရှိ Web-based "File Manager" ကို အသုံးပြုနိုင်ပါတယ်။ ထို File Manager တွင် File များ Upload လုပ်ခြင်း Delete, Rename, Move, Edit, Change Permission များအားလုံးကို ပြုလုပ်နိုင်ပါတယ်။

Reseller Hosting နှင့်ပက်သက်သော FAQ များ

IT Expert, Web Master, Web Designer/Developer တွေအတွက် Web Hosting စီးပွားရေးတစ်ခုလုပ်ချင်တယ်ဆိုရင် Shwe ရဲ့ Reseller Plan နဲ့ စလုပ်လို့ရပါတယ်။ ဒါကအလွယ်ကူဆုံး ဈေးအသက်သာဆုံးနဲ့ အမြတ်အစွန်းအများဆုံးရနိုင်တဲ့ နည်းလမ်းတစ်ခုပါ။ သင့်မှာ Datacenter, Server Hardware တွေ Software license တွေရှိစရာမလိုပါဘူး။ Shwe က Reseller web space, bandwidth နဲ့ cPanel Web Host Manager (WHM) ပေးမှာဖြစ်သောကြောင့် သင့်အနေနဲ့ cPanel account ပါဝင်သော hosting များကိုသင့် customer များသို့ရောင်းချနိုင်မှာဖြစ်ပါတယ်။ အဲ့ဒီလိုရောင်းချရာမှာ Shwe မှသင့်ကို Private Nameserver ပြုလုပ်ပေးမှာဖြစ်တဲ့အတွက် သင့်ကိုယ်ပိုင်နာမည် (Own Brand) ဖြင့် သင့် customer ကိုရောင်းချနိုင်မှာပါ။ ထို့အပြင် သင့် customer များရဲ့ cPanel Template ကိုလည်း သင်စိတ်ကြိုက်ပြင်ဆင်နိုင်ပါတယ်။ သင်၏ customer အမြင်တွင်သင်သည် Datacentre တွင် Hardware, Software license ဖြင့် US$ သောင်းပေါင်းများစွာရင်းနှီးထားသည့် hosting စီးပွားရေးလုပ်နေသည်ဟုသာ ထင်နိုင်ပါသည်။ Shwe ရဲ့ Reseller Plan က cPanel account များကို ပေါပေါသီသီ ပေးထားသည့်အပြင် Domain, E-mail, FTP အစရှိသော အရေးပါသည့် feature များကိုလည်း unlimited ပေးထားပါသည်။ ထို့ကြောင့် သင့်အနေနှင့်ကိုယ်ပိုင် package နှင့် သင့် customer များအတွက် ဈေးနှုန်းသတ်မှတ်ရာမှာ လွယ်ကူအဆင်ပြေမှာဖြစ်ပါတယ်။
အပေါ်က FAQ ဖြစ်တဲ့ Reseller Hosting ဆိုတာနည်းလည်သွားပြီဆိုရင် အမြတ်အစွန်းဆိုတာ သင့်လက်ထဲမှာဆိုတာ နားလည်မှာပါ။
ဥပမာ - Resell - 1 plan (10 GB) ကို တစ်နှစ်လျှင် ၂ သိန်း ၈ သောင်း ဝယ်ထားတယ်ဆိုပါစို့။ သင်က 1 GB space ကို package လုပ်ပြီး သင့် customer ကို တစ်နှစ်လျှင် ၅ သောင်းနဲ့ account 10 ခုရောင်းရင် ၅ သိန်း ရပါမယ်။ တစ်နှစ်လျှင် ၈ သောင်းနဲ့ ရောင်းရင် ၈ သိန်း ရပါမယ်။ ဒါက ဥပမာပါ သင့်တွင်စီးပွားရေးအမြင်ရှိလျှင် ရှိသလောက် 100 MB, 200 MB, 500 MB package များလုပ်ပြီး သင့်လျော်ရာဈေးနှုန်းဖြင့် အမြတ်အစွန်းပိုမိုရရှိအောင် လုပ်လို့ရပါတယ်။
နောက် ဥပမာတစ်ခု - လက်ရှိလောက IT မဟုတ်ဘဲ ဥပမာတစ်ခုပြောပါမယ်။ ရက်ကွက်ဈေးထဲကပိတ်စရောင်းတဲ့သူက သူကိုယ်တိုင်ပိတ်စစက်ရုံမပိုင်ပါဘူး။ သူက ပိတ်စဒိုင်တွေဆီမှာ ပိတ်စကိုက်အများကြီးပါတဲ့ ပိတ်အုပ်တွေသွားဝယ်ပါတယ်။ ပြီးရင်သူကရပ်ကွက်ဈေးထဲမှာ 1 ကိုက်ကို ၁၀၀၀၀ ကျပ် စသည်ဖြင့်ဈေးနှုန်းသတ်မှတ်ပြီး ပြန်ရောင်းတာပေါ့။ ဝယ်တဲ့သူအပေါ်မှာမူတည်ပြီး 5 ကိုက် 10 ကိုက် သူကြိုက်သလောက်ဖြတ်ပြီး အဆင်ပြေတဲ့ဈေးနဲ့ရောင်းမှာပေါ့။ ဈေးချိုချိုနဲ့ များများရောင်းမလား၊ ဈေးကြီးကြီးနဲ့ (အလုပ်မရှုပ်အောင်) နဲနဲပဲရောင်းမလားဆိုတာတော့ သူ့မှာ idea ရှိမှာပါ။