ဘာကြောင့် Shwe ရဲ့ Reseller လုပ်သင့်လဲ

Shwe မှ Domain နှင့် Hosting များကို တစ်ဆင့်ပြန်ရောင်းပြီး ကိုယ်ပိုင်စီးပွားရေးတစ်ခုလုပ်တာဟာ အရင်းအနှီးအနဲဆုံးဖြင့်စတင်လို့ရပြီး အမြတ်အစွန်းအများဆုံးရနိုင်တဲ့ နည်းလမ်းတစ်ခုပါ။

သင့်မှာ Datacenter များ၊ Server Hardware များ၊ Software license များ၊ Experience ရှိသော Technical ဝန်ထမ်းများ ရှိစရာမလိုပါဘူး။ Shwe မှ ထိုကိစ္စအဝဝအားလုံးကို တာဝန်ယူဆောင်ရွက် ပေးမှာဖြစ်သောကြောင့် သင့်အနေနဲ့ သင်၏ စီးပွားရေးနှင့် သင်၏ client/customer များကိုသာအာရုံစိုက်ရန်လိုအပ်ပါတယ်။


Shwe ရဲ့ Reseller Program မှာ အောက်ပါအတိုင်း ၃ မျိုးရှိပါတယ်။


  • (၁) Domain သီးသန့် Reseller program
  • (၂) Hosting သီးသန့် Reseller program
  • (၃) Domain & Hosting Reseller program

Domain သီးသန့် Reseller program

Shwe က Domain Reseller panel ပေးမှာဖြစ်သောကြောင့် သင့်အနေနဲ့ Domain များကို သင်၏ client/customer များကိုလွယ်ကူစွာ ရောင်းချနိုင်မှာပါ။

သင်၏ customer များ သင့်ထံတွင် domain register လုပ်ပါက သင်မှ Shwe ၏ Domain Reseller panel တွင်ချက်ချင်း register ပြုလုပ်နိင်ပါတယ်။ Shwe ၏ Domain Reseller panel တွင် domain registration ပြုလုပ်ခြင်းမှာ မိနစ်ပိုင်းသာကြာပါတယ်။ Domain တစ်ခုချင်းစီမှာ Domain Control panel ပါဝင်မှာဖြစ်သောကြောင့် သင်၏ customer များက DNS management ပြုလုပ်ခြင်း၊
Registrant information ပြောင်းလဲခြင်းများကို သင်၏အကူအညီမလိုပဲ သူတို့ကိုယ်တိုင် ပြုလုပ်နိင်ပါတယ်။


  • Shwe ၏ Domain သီးသန့် Reseller program မှာ နှစ်စဉ်ကြေးလုံးဝမရှိခြင်း
  • Application ဖိုး ၁၅၀၀၀ (တစ်သောင်းငါးထောင်) ကျပ်သည် တစ်ကြိမ်သာပေးရန်လိုအပ်ခြင်း
  • Pre-paid amount ထည့်သွင်းထားခြင်းဖြင့် သင့် customer များ၏ domain များကို မိနစ်ပိုင်းအတွင်း register/renew ပြုလုပ်နိင်ခြင်း
  • Shwe ၏ Domain Reseller panel တွင် သင့် customer/domain များအားလုံးကို တစ်နေရာတည်းမှထိန်းချုပ်နိင်ခြင်း
  • Shwe မှ လက်ရှိရောင်းချနေသော TLDs (.com/ .net / .org / .biz/ .info/ .name / .us / .tv / .mobi) များ အားလုံးရောင်းချနိုင်ခြင်း
  • Domain whois ၏ 'Registration service provider' တွင် သင့်လုပ်ငန်းနာမည် ပေါက်ခြင်း
  • သင့်လုပ်ငန်းနာမည် / သင့်ကိုယ်ပိုင်နာမည် (Own Brand) ဖြင့်ရောင်းချနိုင်ခြင်း
  • သင်ကိုယ်ပိုင် သတ်မှတ်ထားသော ဈေးနှုန်းများဖြင့် သင့်စိတ်ကြိုက်ရောင်းချနိုင်ခြင်း

Hosting သီးသန့် Reseller program

Shwe က cPanel WHM (Web Host Manager) ပေးမှာဖြစ်သောကြောင့် သင့်အနေနဲ့ cPanel account ပါဝင်သော hosting များကို သင့် client/customer များသို့ရောင်းချနိုင်မှာဖြစ်ပါတယ်။

အဲ့ဒီလိုရောင်းချရာမှာ သင့်အနေနှင့် ကိုယ်ပိုင် package များ၊ hosting feature များ သင့်စိတ်ကြိုက်ပြုလုပ်နိုင်သည့်အပြင် သင့် customer များရဲ့ cPanel Template ကိုလည်း သင့်စိတ်ကြိုက်ပြင်ဆင်နိုင်မှာ ဖြစ်ပါတယ်။ Shwe မှသင့်ကို Private Nameserver ပြုလုပ်ပေးမှာဖြစ်သောကြောင့် သင်၏ customer အမြင်တွင်သင်သည်သာလျှင် hosting provider ဖြစ်ပါသည်။ သင် Shwe မှတစ်ဆင့်ပြန်ရောင်းသည်ကို သင်မပြောသရွေ့ မည်သူမှမသိနိုင်ပါ။


  • Application ဖိုး၊ Setup ဖိုး လုံးဝမရှိခြင်း
  • တစ်ရက်လျှင် ၃၄၁ကျပ် (လဖ္ဘက်ရည် တစ်ခွက်စာမျှ) ဖြင့် စတင်နိင်ခြင်း
  • cPanel WHM (Web Host Manager) တွင် သင့် customer/hosting များအားလုံးကို တစ်နေရာတည်းမှထိန်းချုပ်နိင်ခြင်း
  • သင်ပြန်လည်ရောင်းချနိုင်မည့် hosting account များကို ကန့်သတ်မှုလုံးဝမရှိခြင်း (Unlimited cPanel account)
  • Hosting Feature (Domain, E-mail, FTP, etc...) များကို ကန့်သတ်မှုလုံးဝမရှိခြင်း
  • သင့် customer များ၏ hosting account/data/file များကို အခမဲ့ Backup ပြုလုပ်ပေးခြင်း
  • Private Nameserver ဖြင့်ရောင်းချနိုင်ခြင်း
  • သင့်လုပ်ငန်းနာမည် / သင့်ကိုယ်ပိုင်နာမည် (Own Brand) ဖြင့်ရောင်းချနိုင်ခြင်း
  • သင်ကိုယ်ပိုင် သတ်မှတ်ထားသော ဈေးနှုန်းများဖြင့် သင့်စိတ်ကြိုက်ရောင်းချနိုင်ခြင်း

Reseller Hosting package များအား အသေးစိတ်ဖတ်ရှုရန်

Domain & Hosting Reseller program

Shwe ၏ Domain & Hosting Reseller program သည် ပြီးပြည့်စုံသည့် Reseller package တစ်ခုဖြစ်ပါသည်။

ဤ program တွင် အထက်ဖော်ပြပါ program (၁) နှင့် (၂) မှ အကျိုးကျေးဇူးများ အားလုံးရရှိမည့်အပြင် 'Domain သီးသန့် Reseller program' application ဖိုး ၁၅၀၀၀ ကျပ် ပေးစရာမလိုပါ။